=IF(logical_test, [value_if_true], [value_if_false])

IF Function ဆိုသည်မှာ Logical Test ကို အရင်စစ်မယ် ပြီးရင် မှန်ခဲ့လျှင် ဘာပြမလဲ ၊ မှားခဲ့လျှင် ကော် ဘာပြမလဲ ပုံစံမျိုးဖြစ်သည်။

Logical Test မှာ အသုံးပြုသည့် Component of a formula ထဲမှ Comparison Operators များကို အသုံးပြရသည်။

အထက်ဖော်ပြပါပုံကို စတင်လေ့လာကြည့်ကြရအောင်ခင်ဗျာ

အမှတ်စာရင်း ဆိုသော ပထမ အပိုင်းတွင် >= , > , < , <= Operator များကိုအသုံးပြုထားသည်။

Student – A အကြောင်း ရေးထားသော Formula ကို ရှင်းရမည်ဆိုလျှင် if ( C6 ဆိုသော Student – A ၏ အမှတ် 89 သည် 70 ထက်ကြီးရင်ကြီး ညီရင်ညီဖြစ်ခဲ့လျှင်( >= ) , “Pass” မဟုတ်ရင် , “Fail”)

Student – B အကြောင်း ရေးထားသော Formula ကို ရှင်းရမည်ဆိုလျှင် if ( C7 ဆိုသော Student – B ၏ အမှတ် 75 သည် 69 ထက်ကြီးခဲ့လျှင်( > ) , “Pass” မဟုတ်ရင် , “Fail”)

Student – C အကြောင်း ရေးထားသော Formula ကို ရှင်းရမည်ဆိုလျှင် if ( C8 ဆိုသော Student – C ၏ အမှတ် 70 သည် 70 ထက်ငယ်ခဲ့လျှင် ( < ) , “Fail” မဟုတ်ရင် , “Pass”)

Student – D အကြောင်း ရေးထားသော Formula ကို ရှင်းရမည်ဆိုလျှင် if ( C9 ဆိုသော Student – D ၏ အမှတ် 68 သည် 69 ထက်ငယ်ရင်ငယ် ညီရင်ညီဖြစ်ခဲ့လျှင် ( <= ) , “Fail” မဟုတ်ရင် , “Pass”)

အတန်းချိန် ဆိုသော ဒုတိယ အပိုင်းတွင် = , <> Operator များကို အသုံးပြုထားသည်။

Student – A အကြောင်း ရေးထားသော Formula ကို ရှင်းရမည်ဆိုလျှင် if ( C15 ဆိုသော Student – A ၏ Attendent – 60/60 သည် “60/60” နှင့် ညီ ခဲ့လျှင် ( = ) , “Full Attendent” မဟုတ်ရင် , “Require Attendent”)

Student – B အကြောင်း ရေးထားသော Formula ကို ရှင်းရမည်ဆိုလျှင် if ( C16 ဆိုသော Student – B ၏ Attendent – 58/60 သည် “60/60” နှင့် မညီ ခဲ့လျှင် ( <> ) , “Require Attendent” မဟုတ်ရင် , “Full Attendent”)

မှက်ချက် အနေဖြင့်

Logical Test နေရာတွင် အသုံးပြုသွားသော 60/60 သည် Text Format အဖြစ် စစ်သောကြောင့် “60/60” ဟုရေးသားရခြင်းဖြစ်သည်။

Formula တွင် အခြား Cell ကွက်ကို မညွှန်းလိုလျှင် Formula ထဲတွင် ရေးသားလိုပါက ” ” ကို အသုံးပြုရသည်။

Logical Test များသည် မည်သည့် Operator ကို အသုံးပြုရမည်ဆိုတာကို များများလေ့ကျင့်ပါမှ ကျွမ်းကျင်စွာ‌ တွေးတောနိုင်မည်။

IF Function သည် အရမ်းအသုံးဝင်သော Function တစ်ခုဖြစ်သည်။

Formula တစ်ခု ရေးတိုင်း IF Function ကို အသုံးပြုတတ်ကြသည်။

နောက်သင်ခန်းစာများတွင် ထပ်မံလေ့ကျင့်ကြရပါအုန်းမည်။