Home Tab မှာ ရှိသော Clipboard Group လေးအကြောင်းကို စတင်လေ့လာကြပါမည်။

Clipboard Group သည် အမြဲတမ်း အသုံးပြုကြရသော အရာများဖြစ်သည်။

ပထမပုံတွင် တွေ့ရပုံကိုကြည့်ကြည်ပါ။

Cut ဆိုသည်မှာ Move လုပ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။ မိမိ ရွေ့မည့် Cell ကွက်များကို Cut (Ctrl + X) နိုပ်ပါ။ မိမိရွေ့မည့် Cell ကွက်ရောက်လျှင် Paste (Ctrl + V) နိုင်၍ချနိုင်သလို Clipboard Group ရှိ Paste ကိုနိုပ်နိုင်သည်။

Copy ဆိုသည်မှာ ပုံတူပွားခြင်းကိုဆိုလိုခြင်းဖြစ်သည်။ မိမိ ပွားလိုသော Cell ကွက်များကို Copy (Ctrl + C) နိုပ်ပါ။ မိမိပွားမည့်နေရာ Cell ကွက်ကို ရောက်လျှင် Paste (Ctrl + V) နိုပ်၍ချနိင်သလို Clipboard Group ရှိ Paste ကိုနိုပ်နိုင်သည်။

Copy ကူးလျှင် Paste ကို ပုံစံမျိုးစုံဖြင့်ချနိုင်သည်။ Paste ၏ Down Arrow လေးကိုနိုပ်လျှင် ဖော်ပြပုံအတိုင်း Paste ပုံစံမျိုးစုံကိုမြင်ရမည်။ အောက်ဆုံးတွင် Paste Special (Ctrl + Alt + V) ကို အသုံးပြုနိုင်သည်။

Format Painter သည္ Format (အရောင်ခြယ်ထားသော သို့မဟုတ် ဘောင်ခတ်ထားသော) သီးသန့်ကိုသာ ကူးယူးခြင်းဖြစ်ပါသည်။ Format ကူးယူလိုသောနေရာကို Select မှတ်ပါ။ ထို့နောက် Format Painter ကို တစ်ချက်နိုပ်ပါ။ ပြီးနောက်မိမိ Mouse မြှားတွင် ဆေးသုတ်ပုံလေးပေါ်လာလျှင် ပေါ်လိုသောနေရာတွင် နိုပ်ပါ။

အသေးစိပ်ကို Paste သင်ခန်းစာတွင်ရှင်းပြအုန်းမည်။